ကျွန်တော် နေရာလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ခင်ဗျာ

Tuesday, October 11, 2016

အညာမြေက ဆီထွက်သီးနှံများ အပိုင်း(၁)

                              

ဆီ ဆိုတာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်မှာလည်း ချက်ပြုတ်စားသောက်ကြတဲ့နေရာတွေမှာ အ
သုံးပြုကြပါတယ်။ ဆီမပါပြန်ရင်လည်း ဟင်းကစားရတာမကောင်းပြန်ပါဘူး။ ဆီများသွားပြန်ရင်လည်း ရော
ဂါတွေ ရကြပြန်ပါတယ်။
ဘာပဲပြောပြော အညာသားတွေကတော့ ဆီတော်တော် စားတယ်ဗျ။ ဘာပဲပြောေ
ပြာ အညာသားများ ဆီစားကြ၏ပေါ့။

မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံ အမျိုးမျိုးရှိကြပါတယ်။မြေပဲ၊နှမ်း၊ ပန်းနှမ်း၊နေကြာ စတဲ့ အသီးအနှံတွေဖြစ်ပါ
တယ်။အဲဒီအထဲကမှ မြေပဲပင်နဲ့ နှမ်းပင်ရဲ့ အသုံးဝင်ပုံတွေကို ပြောပြပါမယ်။ ဆီထွက်သီးနှံများလို့ သုံးလိုက်
လို့ အခြားအရာတွေအတွက် အသုံးမ၀င်ဘူးလို့တော့ မထင်စေချင်ပါဘူးခင်ဗျာ။အခု အဲဒီအပင်တွေရဲ့ အသုံး
ဝင်ပုံတွေကို ရှင်းပြပါမယ်။


                                                  ပင်ထောင်မြေပဲခင်း
                                          ပင်ထောင်မြေပဲတောင်နှင့် အဆံများ
                                                     ပင်ပြန့်မြေပဲ


                                                     ပင်ပြန့်မြေပဲဥဥပုံ
                                          
                                                ပင်ပြန့်မြေပဲတောင့်


မြေပဲတောင့်

မြေပဲပင်=မြေပဲပင်ကို အမျိုးအစားနှစ်မျိုးခွဲထားပါတယ်။ ပင်ထောင်မျိုးနဲ့ ပင်ပြားမျိုးဆိုပြီးဖြစ်ပါတယ်။ ပင်ေ
ထာင်ဆိုတာကတော့ နာမည်နဲ့လိုက်အောင် အပင်က မတ်စောက်ပါတယ်။ အဲဒီ ပင်ထောင်ဆိုတဲ့ မြေပဲပင်
က အမြင့်ဆုံး ဒူးခေါင်း သာသာလေးပါပဲ။ မြေပဲအတောင့်ကတော့ အဆံ (၂)စေ့ပါပါတယ်။စိုက်
ပျိုးပုံကတော့ မြေပဲစေ့ကို စိုက်ရတာပါ။ မြေပဲက ချိုတဲ့အတွက် ကြွက်ရော၊ ဆက်ရက်ရော၊ ခိုရော ကြိုက်ပါ
တယ်။ အဲဒီအတွက် စိုက်ပျိုးတဲ့နေရာမှာ မြေကို လုံအောင်ဖုံးပြီး စိုက်ပျိုးထားမှန်းမသိအောင် လက်ရာတွေ
ကိုဖျက်ရပါတယ်။ အဲလိုမှ လုပ်မထားဘူးဆိုရင် အကုန် ကုန်ပြီသာမှတ်ပါတော့။ အပင်လေး ပေါက်လာပြန်
တော့လည်း ငှက်တွေက အပင်ပေါက်ကလေးတွေကို နှုတ်သီးနဲ့ ဆိတ်ပစ်ပါတယ်။ အဲဒါကြောင့် အပင်ပေါ
က်ရင် ငှက်စောင့် သွားရပြန်ပါတယ်။ အဲဒီမြေပဲပင်ပေါက်လေးတွေကို ဟင်းချိုချက်သောက်ရင်လည်းကော
င်းတယ်၊ သုပ်စားရင်လည်း ကောင်းပါတယ်။ မြေပဲပင် အရွယ်ရောက်လို့ အပွင့်လေးဝင်လာပြီး တစ်ပါတ်၊
(၁၀)ရက်လောက်နေရင် အပွင့်လေးကနေ အမြစ် ပုံစံလေးထွက်လာပါတယ်။ အဲဒါကို စွယ်ထောက်တယ်
လို့ခေါ်ပါတယ်။ အဲလို စွယ်ထောက် လာပြီဆိုရင်တော့ မြေပဲပင်ကို စွယ်လုံအောင် မြေတွေဖုံးပါတော့။ အဲ
လို ဖုံးလိုက်ရင်တော့ စွယ်ရှိသလောက်လိုက်ဥတာပါ။ (မိုးရွာဖို့တော့ လိုတာပေါ့ဗျာ)။ စွယ်ထောက်တဲ့အချိန်
မြေမဖုံးလိုက်နိုင်ရင်တော့ မြေပဲက အထွက်နည်းတတ်ပါတယ်။ မြေပဲပင် ရင့်တဲ့အချိန်ရောက်ပြီဆိုရင်တော့
အရွက်တွေက အရင်လိုတော့ စိမ်းမြမနေတော့ပဲ နည်းနည်းပြောင်းလာပါတယ်။ စိုက်ပျိုးတဲ့သူတွေကတော့
ရက်တွေ မှတ်ပြီးစိုက်ကြတာ။ (၃)လနဲ့ ဥတဲ့ပဲဆိုရင်(၃)လပြည့်ရင် နှုတ်ပါတယ်။ ကျွန်တော် ငယ်ငယ်ကေ
တာ့ မြေပဲခင်းထဲရောက်လို့ လူကြီးတွေလစ်ရင် မြေပဲပင်အောက်ကို မြေတွေဖယ်ပြီး မြေပဲဥလေးတွေ ရင့်မ
ရင့် ကြည့်ပါတယ်။ ရင့်ရင်တော့ မြေပဲဥလေးကို ဖြုတ်ပြီး စားလိုက်ပါတယ်။ ပြီးမှ မြေပြန်ဖုံးထားခဲ့တာပေါ့ဗျ
ာ။ တစ်ခါတစ်လေ လူကြီးတွေ သိသွားရင်တော့ အရိုက်ခံရတာပေါ့..အပင်က နုနုလေး အဲလိုဖော်လိုက်ရင်
မြေပဲ မရင့်ဘူးလို့ ပြောကြပါတယ်။ မြေပဲနှုတ်ချိန်ရောက်ပြီဆိုရင်တော့ ရွာထဲကလူတွေကို ငှားရပါတယ်။
မြေပဲပေးနဲ့ပေါ့..။ မြေပဲနှုတ်တဲ့ သူတွေက အစောကြီးထသွားပြီး မြေပဲတွေကို ရသလောက်နှုတ်ပြီး ပုံထား
ကြပါတယ်။နေပူပြီဆိုတဲ့အချိန်ကြမှ မြေပဲဆွတ်ကြတာပါ။ မြေပဲ တစ်တင်းဆို(၂)ပြည်ဖြင့် (၂)ပြည် အဲလိုေ
ပးရပါတယ်။ အဲလိုမြေပဲနှုတ်တဲ့အချိန် ဆိုရင်တော့ မြေပဲပြုတ်တွေအရမ်းပေါတာပါ။ မြေပဲထဲမှာ အလှော်လ
ည်းမကြိုက်၊ အကြော်လည်းမကြိုက်၊ အပြုတ်ဆိုရင်တော့ ကျွန်တော်အရမ်းကြိုက်တယ်။ မြေပဲနှုတ်ချိန်ရော
က်ရင် ကျွန်တော်အရမ်းပျော်တာပါ(ဟီး..မြေပဲပြုတ်စားရလို့လေ)။မြေပဲတွေ ဆွတ်ပြီးသွားပြီဆိုရင်တော့နေ
ပူလှမ်းရပါတယ်။ ဆီကြိတ်တော့မယ်ဆိုရင်တော့ မြေပဲတောင့်ကိုအခွံ ခွါ အစေ့လေးတွေကို ကြိတ်ရတာပါ။
                                                 မြေပဲဖတ်(နဘတ်)
မြေပဲဖတ်(နဘတ်)
ကျွန်တော်တို့ အညာဒေသကတော့ မြေပဲ ပဲ ကြိတ်ကြိတ် ၊နှမ်းပဲကြိတ်ကြိတ် ဆီကြိတ်စက်နဲ့ ကြိတ်တာမဟု
တ်ပါဘူး၊ နွားတစ်ကောင်ကို ဆီဆုံမှာတပ်ပြီး လှည့်တာပါ။ အဲဒီကနေပြီ ဆီရပါတယ်။ ဆုံ ဆီစစ်စစ် ဆိုတာ
အဲဒါကိုပြောတာပေါ့ဗျာ။ ငါးခြောက်ဖုတ်လေးကို ဆုံဆီ စစ်စစ်ကလေးဆမ်းစား အရမ်းကောင်းတာပါ။ ဘာပဲ
ဆမ်းဆမ်း မြေပဲဆီ စစ်စစ်ကလေးကိုပဲ ဆမ်းကြတာပါ။ နှမ်းဆီကိုတော့ ဆမ်းစားခဲပါတယ်။ ကျွန်တော်တို့ရွ
ာမှာ ဆီဆုံမရှိတော့ ကျွန်တော်တို့ရွာ နောက်ဘက်က ရွာကိုသွားကြိတ်ရတာပါ။ ကျွန်တော်ငယ်ငယ်က အဖေနဲ့ ဆီကြိတ် လိုက်သွားဖူးပါတယ်။ ဆီကြိတ်တဲ့အချိန်မှာ နွားတစ်ကောင်နဲ့ ကြိတ်ရတာပါ။ ကျွန်တော့် ကိုတော့ ဆီဆုံ လည်တဲ့အတိုင်း ဆီဆုံစီးခိုင်းပါတယ်။ အဲဒီတုန်းကမူးနေတာကို အခုပြန်စဉ်းစားရင် အခု မူးနေသလိုပါပဲ။ဆီကြိတ်ပြီးတဲ့အချိန်မှာတော့ ဆီထွေးလို့ပြောတာပဲ..အဲဒီဆီထွေးနဲ့ ထန်းလျက် ကလေးရောပြီးစားရတာအရမ်းကောင်းတာ။ နောက်ပြီး မြေပဲဖတ်တွေရပါတယ်။ အဲဒီမြေပဲဖတ်ကိုတော့ နှမ်းဖတ်ချဉ် လည်းလုပ်စားကြပါတယ်။ ရေစိမ်ပြီး နွားတွေကိုလည်း ကျွေးကြပါတယ်။ (မြေပဲဖတ်ပဲဖြစ်ဖြစ်၊ နှမ်းဖတ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆီကတော့ နဘတ် လို့ပဲခေါ်ကြပါတယ်)။ မြေပဲကိုတော့ မြေပဲယိုတို့ ..စတဲ့ မုန့်တွေလုပ်ပါသေးတယ်။ မြေပဲလှော်ကိုတော့ အထူးသဖြင့် နွေရာသီ နေပူပူမှာ မြေပဲလှော်ပြီး အပျင်းပြေ စားကြပါတယ်။ မြေပဲလှော်နဲ့ ထန်းလျက်ဆိုတာကလည်းအညာမြေနဲ့ ခွဲခြားလို့မရတဲ့အရာတွေပေါ့။ သီချင်းတောင် ရှိသေးတယ်လေ..ဒေါ်မာမာအေး ဆိုထားတဲ့ ဗွေးတုတ်သီချင်းလေးလေ။
“ငွေစန္ဒာလရထား ထက်ဖျားဝဠာတခို့ သာလို့နေ ဟေ ဟေ ဟေ ငါတို့တတွေ မန်ကျည်းပင်ရင်းမှာ ခြေဆင်းကာပ (အပျင်းဖြေ)၂။ယမင်းပြာနွဲ့ ပျင်းပါနဲ့အေ့ ကြံသကာ ထန်းလျက်ခဲ မြေပဲလှော်နဲ့ တကယ်ဖက်သလေ ဟေ ဟေ ဟေ လက်ဖက်ရည် ပူပူနွေးနွေး ယူပေးပါကွယ့် (သာအေးရေ) ၂ ”။
အဲဒီသီချင်းထဲက စာသားလေးက အညာဒေသရဲ့ ဓလေ့လေးကိုဖော်ပြနေပါတယ်။ ကြံသကာ၊ ထန်းလျက်ခဲ
၊မြေပဲလှော်နဲ့ လက်ဖက်ရည် ပူပူလေးဟာ အညာဒေသရဲ့ သရေစာ တစ်မျိုးပဲပေါ့။
                                                         မြေပဲဆီ 
မြေပဲဆီ
မြေပဲပင်ပြားကတော့ အပင်နာမည်နဲ့လိုက်အောင်ကို မြေကြီးမှာ နိမ့်နိမ့်လေးပဲရှိပါတယ်။ ပင်ထောင်နဲ့ ပင်ပြ
ားရဲ့ ကွာခြားချက်ကတော့ အပင် အနိမ့်၊အမြင့် အနည်းငယ်ကွာပါတယ်။ နောက်ပြီး မြေပဲတောင့်က ကွာပြန်
ပါတယ်။ ပင်ပြားက အတောင့်က အစေ့(၃၊၄)စေ့ပဲပါတာလေ။ပင်ထောင်ကတော့(၂)စေ့ပါပါတယ်။ ကျန်တာကတော့ အားလုံးတူတူပါပဲ။ စိုက်ပျိုးပုံကအစ၊ ရိတ်သိမ်းချိန် အဆုံးထိ အားလုံးအတူတူပါပဲ။ မြေပဲ
ဆီကတော့ ဟင်းချက်တဲ့အခါ၊ အစားအသောက်လေးတွေကို ဆီဆမ်းစားတဲ့နေရာတွေမှာသုံးပါ တယ်။ မြေပဲဆီရဲ့ အားနည်းချက်ကတော့ ပုရွက်ဆိတ် ကြိုက်ခြင်းပါပဲ။ မြေပဲဆီ အိုးမှာပဲဖြစ်ဖြစ်၊ မြေပဲ ဆီဗူးမှာပဲဖြစ်ဖြစ်မြေပဲဆီ စစ်ရင် ပုရွက်ဆိတ် တက်ကိုတက်ပါတယ်။(မြေပဲက အလက်ဂျစ်ရှိတဲ့သူနဲ့တော့ မတည့်ဘူးလို့ပြောသံကြားဖူးတာပဲ။ အဲဒါကိုတော့ သေချာမသိသေးပါဘူး။

မှတ်ချက်။     ။ကျေးလက်သားလေး ဘလော့မှ ကူယူဖော်ပြထားပါသည်။

No comments :

Post a Comment