ကျွန်တော် နေရာလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ် ခင်ဗျာ

Tuesday, September 6, 2016

နီတို (စပါးပင်တွင် သံအဆိပ်သင့်ခြင်း)

နီတို (စပါးပင်တွင် သံအဆိပ်သင့်ခြင်း)
• စပါးဆက်တိုက်စိုက်သောမြေများ၊ ရေအမြဲလှောင်ထားသော စပါးခင်းများမှာဖြစ်။
• မြေဆီလွှာရှိ သံဓာတ် (Fe) သည် ရေမလွှမ်းသော အခြေအနေတွင်
 လေရ၍ (oxidation) ရေတွင်မပျော်ဝင်သော အခဲပုံသဏ္ဍာန် (Fe3+) ဖြစ်ပေါ်။
• ရေလွှမ်းသော အခြေအနေတွင် လေမရရှိ၍ (Fe) သည် ရေတွင်ပျော်ဝင်သော (Fe2+) ပုံသဏ္ဍာန်ဖြစ်ပေါ်။
• အမြစ်မှ (Fe2) ကိုစုပ်ယူပြီး ပင်စည်အခေါင်းအတွင်းရှိ လေနှင့်တွေ့သောအခါ အခဲ(Fe3) များဖြစ်ပေါ်ပြီး အစာရေကြောများကို ပိတ်ဆို့။
• စပါးပင် အောက်ပိုင်း အရွက်များမှာ orange yellow, orange brown စသည် ပြောင်းသွား။ အပင်ပု။ ပင်ပွားနည်း။ အမြစ်များညိုမဲ။

Treatment
• အခြေအနေပေးလျှင် တပါတ်ခန့်ရေထုတ်ထားပါ။
• Monitor gypsum + special K ရောစပ်ထည့်ပေးပါ။
• K သည် အမြစ်များမှ (O2)ထုတ်ပေးခြင်းကို အားပေးသည်။
• ရေတွင် ပျော်ဝင်နေသော(Fe2)များ လေဖြင့်တွေ့ပြီး အခဲပုံဏ္ဍာန်(Fe3)သို့ပြောင်းသွား၍ ရေတွင် မပျော်ဝင်တော့ပါ။ အမြစ်မှ မစုပ်နိုင်တော့ပါ။
• ဂျစ်ပဆမ်မှုန့်က သံအဆိပ်သင့်မှုကို လျှော့နည်းစေပါသည်။


No comments :

Post a Comment