တင်း(၁၀၀) အထွက်အာမခံသည့် ဆင်းပဒေသာ (၇) မြေပဲ
=====================================
=====================================
မြေပဲလောက စင်ပေါ်သို့ ရောက်လာပြီး ပွဲဦးထွက်ပင် နာမည်ကြီးခဲ့ သောမျိုးမှာ
ဆင်းပဒေသာ(၇)ပင် ဖြစ်သည်။
ဆင်းပဒေသ(၇)မြေပဲမျိုးသည် အမိနိုင်ငံမှာ အိန္ဒိယနိုင်ငံ (ICRISAT)ဖြစ်သည်။ ၁၉၉၄ -၉၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့  ၀င်ရောက်အခြေချလာခဲ့ ခြင်းဖြစ်သည်။ စိုက်ပျိုးရေးသုတေသနဌာန ရေဆင်းမှ မျိုးလိုင်း (၂၁) လိုင်းမှ ရွေးချယ်ခဲ့ သော သက်လျင်မျိုးဖြစ်သည်။ ရေကောင်း မြေကြောင်း ကြိုက်ပြီး အထွက် နူန်းရာကျော်အောင် သီးခဲ့သဖြင့် တောင်သူများ နှစ်ခြိုက်ကြသည်။ ဆီထွက်သီးနှံဖွင့်ဖြိုးရေး စီမံကိန်းမှ စံပြကွက်များစိုက်ပျိုးခဲ့ ပြီး စံကွက်ရိတ်သိမ်းခဲ့ရာ အနိမ့်ဆုံးတင်းဧက (၅၀ - ၇၀) တင်းဖြင့် အမြင့်ဆုံး (၈၀ -၁၂၀) တင်းအထိ ထွက်ရှိခဲ့သည်။ ပျဉ်းမနားခရိုင် ၊ လယ်ဝေးမြို့ တွင် စိုက်ပျိုးရာ တစ်ဧကတင်း ၁၁၀ ထွက်ရှိခဲ့သည်။
ဆင်းပဒေသာ(၇) မြေပဲမျိုး၏ ကောင်းခြင်းလက္ခဏာ အရေအချင်းများကိုလေ့လာကြည့်လျုင်မှုရင်ဒေသ အိန္ဒိယဖြစ်ပြီး မျိုးအမှတ်မှုာ (ICGV – 9382) ဖြစ်သည်။ ၁၉၉၉ - ၂၀၀၀ ခုနှစ်တွင် စိုက်တင်မွေးထုတ်ခဲ့သည်။ ၄င်း၏ အသက်ရက်မှာ ၉၀ - ၉၅ ရက်ဖြစ်ပြီး သက်လျင်မျိုးဖြစ်သည်။ မိုးရေရရှိမှုနည်းပါးသော စကိုင်း ၊ မကွေး၊ ပဲခူးထက်ပိုင်း မန္တလေးတိုင်းတို့ တွင် စိုက်ပျိုးခဲ့သည်။
ဆင်းပဒေသာ(၇) မြေပဲမျိုး၏ အပင်ပုံသဏ္ဍာန်မှာ ပင်ထောင်ပုံစံဖြစ်ပြီး အပင်အမြင့်မှာ ၄၈ cm ဖြစ်သည်။ ၄င်းမြေပဲမျိုး၏ ပန်းပွင်ပုံသည် ထူးခြားသည်။ အပင်၏ အဆစ်တိုင်းကလဲ ပန်းပွင့်၍ ပင်စည်ကလည်း ပန်းပွင့်သည်ကို တွေ့ ရှိရသည်။ ပန်းပွင့်အရောင်သည် လိမ္မော်ရောင်ဖြစ်ပြီး ပန်းစတင်ပွင့်ရမှ ၂၂ရက်ဖြစ်ပြီး ပန်းပွင့် (၅၀) ရာခိုင်နှုန်း ပွင့်ရက်မှာ ၂၄ရက်ဖြစ်ပါသည်။ ပန်းပွင့်သန္ဓေအောင်နှုန်းများပြီး မြေပဲအထွက်နှုန်းများခြင်းလည်းဖြစ်သည်။ ဆင်းပဒေသာ(၇) မြေပဲမျိုး၏ အရွက်ရောင်သည် အစိမ်းရောင် အရွက်ပုံစံသည် ငှက်ပျောရွက်ပုံဖြစ်ပြီး အရွက်နားတွင် အမွှေးပါဝင်မှုနည်းသည်။ ဆင်းပဒေသ(၇) မြေပဲမျိုးသည် အစေ့(၁၀၀၀) အလေးချိန် (၄၁ ဂရမ်)ရှိပြီး အဆံအထွက်ရာခိုင်းနှုန်း (၇၄) ရာခိုင်နှုန်း ရှိသည်။ ဆီထွက်ရာခိုင်နှုန်း (၄၀ - ၅၀%)ရှိပြီး တစ်ဧက အတောင့် အထွက်နှုန်းမှာ (၅၀ -၁၂၀) တင်း ဖြစ်ပါသည်။ အစေ့ငုတ်ချိန်မရှိသဖြင့် နုတ်သိမ်းအခြောက်လှန်းပြီး ချက်ချင်းစိုက်ပျိုးနိုင်သည်။ မြေပဲတစ်ပတ်တွင် အတောင့် (၇၀ - ၁၀၀)ထိ ဥနိုင်သည်။
မြန်မာနိုင်ငံ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်ရာနှုန်းလည်းများ၊ တစ်ဧကအတွက်နှုန်းလည်းများပြီး သက်လျင်သည် ဆင်းပဒေသ(၇) မြေပဲမျိုးကို ရေအလုံအလောက်ရရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သုံးသီး (သို့ ) အခြားသီးနှံနှင့် သီးထပ်အဖြစ် ဧရိယာတိုးချဲ့ စိုက်ပျိုးသင့် ပါကြောင်း တင်ပြလို ပါသည်။
Ref; နည်းသစ်စွယ်စုံ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး နည်းပညာဂျာနယ်၊ အတွဲ - ၄၊ အမှတ် - ၁၅၊မောင်ငြိမ်းအောင်၊ တင်း(၁၀၀)အတွက် အာမခံသည့် ဆင်းပဒေသာ (၇) မြေပဲ။

No comments :
Post a Comment